ကျွန်ုပ်တို့၏ကျောင်းအဆောက်အဦးကြီးသည်ကျောင်းသားများကိုများစွာသောအားကစားလှုပ်ရှားမှုအမျိုးမျိုးနှင့်ရွေးချယ်မှုများစွာကိုပေးနိုင်အောင်အထောက်အကူပြုသောကြောင့်များစွာကံကောင်းပါသည်။ ကျွန်ုပ်တို့သည်ထူးခြားသော activities များကိုကမ်းလှမ်းနိုင်ရန် ပြင်ပမှပံ့ပိုးပေးသောသူများနှင့်လည်း အလုပ်တူတူတွဲဖက်လုပ်ဆောင်ကြပါသည်။
ကျွန်ုပ်တို့၏ကျောင်းတွင်သင်ယူနိုင်သော activities တစ်ချို့ကိုအောက်တွင်ဖော်ပြထားပါသည်။
Circus Skills (ဆပ်ကပညာ)
Kung Fu (ကွန်ဖူပညာ)
Fry’s Funky Groovers
Italian Language Club (အီတလီဘာသာစကား)
Puppet making (ရုပ်သေးရုပ်ပြုလုပ်ခြင်းပညာ)
Duke of Edinburgh
Debating Club (စကားရည်လုပွဲ ကလပ်)
Film Club (ရုပ်ရှင်ရိုက်ခြင်းပညာ)
Zumba ( ဇွန်းဘား အက)
ထို့အပြင်ကျွန်ုပ်တို့၏ U11, U14 နှင့် U19 အားကစားအသင်းများအတွက် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးပါသည်။ အခြားကျောင်းမှအသင်းများနှင့် လက်ပစ်ဘောလုံး၊ ဘတ်စကက်ဘောနှင့် ဘော်လီဘောပြိုင်ပွဲများလည်းရှိပါသည်။ ကျောင်းသားများ၊
မိဘများနှင့်ဆရာများကိုလဲ ပြိုင်ပွဲများကိုလာရောက်အားပေးရန်ဖိတ်ခေါ်ပါသည်။
ကျောင်းသားများသည် After School Clubs တွင်တက်တက်ကြွကြွပါ၀င်ကြပြီး၀ါသနာပါသည်များကိုပိုမိုကျွမ်းကျင်အောင် လေ့ကျင့်ခြင်းနှင့် အသိပညာအတတ်ပညာအသစ်များကိုပျော်ရွှင်စွာဆည်းပူး ကြပါသည်။