British School Yangon သည် သင်ယူခြင်းသည်ပညာရေးသက်သက်မဟုတ်ဟု ယုံကြည်ထားပါသည်။ ကျောင်းသည် ကလေးတစ်ယောက်၏ သင်ကြားမှုဆိုင်ရာ အားလုံးကို အပြည့်အဝ ပညာပေးရန်ကတိပြုပါသည်။ ထို့ကြောင့် သင်ရိုးညွှန်းတမ်းများတွင် သင်ခန်းစာတိုင်း၌သာမက ကျောင်းတစ်ကျောင်းလုံး၏ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲများ၊ Houseအလိုက်ယှဉ်ပြိုင်မှူများ၊ ကျောင်းနှင့်ဒေသအနှံ့ယှဉ်ပြိုင်မှုများနှင့်ပြဇာတ်၊ အားကစားနှင့်အခြားများစွာ သောစိန်ခေါ်မှုများ ကိုတွေ့နိုင်ပါသည်။ Nord Anglia နှင့်ပူးပေါင်းပြီး ကျောင်းသားပလက်ဖောင်းဖြစ်သော Global Campus သည်ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်း ၃၀ မှကျောင်း ၇၃ မှ Nord Anglia သင်ယူသူ ၆၀၀၀ ကျော်အား online ဖြင့်ချိတ်ဆက်ပေးထားပါသည်။ ကျောင်းသားများ သင်ယူမှုကိုမြှင့်တင်ပေးသောအမှန်တကယ်ကွဲပြားခြားနားပြီးနိုင်ငံတကာပညာရေးအတွေ့အကြုံများကိုပေးစွမ်းသွားမည် ဖြစ်ပါသည်။
ကျောင်း၏တရားဝင်သင်ရိုးညွှန်းတမ်းသည် IGCSEs နှင့် A Levels အတွက်ကျောင်းသားများ ကိုပြင်ဆင်သင်ကြားပေးနေသည်မှာ ယခုဆို ဒုတိယနှစ်ရှိပါပြီ။ ဤပြင်ပစာမေးပွဲများသည်ကမ္ဘာတစ်ဝှမ်းရှိထိပ်တန်းတက္ကသိုလ်များ ၀င်ရောက်ရန်အတွက် အထူးလိုအပ်ပြီး ထူးချွန်သောရလဒ်များသည် ဆရာများ၏ဂရုစိုက်မှုနှင့်ကတိကဝတ်ကိုသက်သေထူပါသည်။ အနာဂတ်ကလေးများအတွက်ပညာပေးခြင်းကို ပူးပေါင်းထားသော MIT, Juilliard နှင့် UNICEF တို့၏ ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းများနှင့် ထူးခြားသော ပူးပေါင်းမှုများ ကဲ့သို့ဆန်းသစ်သောသင်ရိုးညွှန်းတန်းအတွေ့အကြုံများ မှတဆင့်တိုးတက်သော သင်ယူမှုကိုပေးပါသည်။ သင့်ကလေးအားတစ်ဦး ချင်းစီအနီးကပ်သင်ကြားပေးခြင်းသည် ပြောင်းလဲနေသောကမ္ဘာကြီးတွင်ရှင်သန်ကြီးထွားရန်ကျွမ်းကျင်မှုများနှင့်အတွေးအခေါ်များကိုဖွံ့ဖြိုးစေပြီး ထူးချွန်ပြောင်မြောက်သောပညာရေးရလဒ်များရရှိစေပါသည်။