Ms Hsar သည် AOC Orchestra ၏ Lead တယောတီးသူနှင့်ထိုသံစုံတီးဝိုင်း၏မန်နေဂျာဖြစ်ပြီး Orchestra for Myanmar နှင့် The New Children’s Choirတို့၏သံစုံတီးဝိုင်းမန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေသူဖြစ်ပါသည်။
ပညာအရည်အချင်း
Bachelor of Arts in Business (BA- Business), Liberal Arts Program, MIT.
ကိုယ်ရေးအကျဥ်း
Ms Hsarသည် AOC Orchestra ၏ Lead တယောတီးသူနှင့်ထိုသံစုံတီးဝိုင်း၏မန်နေဂျာဖြစ်ပြီး Orchestra for Myanmar နှင့် The New Children’s Choirတို့၏သံစုံတီးဝိုင်းမန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေသူဖြစ်ပါသည်။ သံစုံတီးဝိုင်းနှင့်အတူသူမသည်နိုင်ငံတစ်ဝှမ်းလှည့်လည်ခဲ့ပြီးသူမ၏ AOC Quintet အဖွဲ့နှင့်အတူ အရှေ့တောင်အာရှတစ်လျှောက် ဖျော်ဖြေပွဲများတွင်ဖျော်ဖြေခဲ့ပါသည်။ သူမသည် တယောသင်ကြားပေးခြင်း အတွေ့အကြုံဆယ်နှစ်ကျော်ရှိသူဖြစ်ပြီး BSYတွင် သူမ၏သင်ကြားမှုမှာ ၆နှစ်မြောက်ဖြစ်ပြီးသူမသည် PIP သင်ခန်းစာများ၊ သင်ရိုးပြင်ပသင်တန်းများနှင့် IMP သင်ခန်းစာများတွင်တစ်တပ်တစ်အားပါဝင်ခဲ့ပါသည်။ လတ်တလောတွင်သူမသည် ၅-၁၆ နှစ်အရွယ်ကလေးများကိုသင်ကြားပေးလျက်ရှိပြီး သူမသည်များစွာသောခရစ်ယာန်ဘုရားရှိခိုးကျောင်း နှင့်မိဘမဲ့ဂေဟာများတွင်ဂီတပညာနှင့် string chamber ensemble နည်းပြပေးသောစေတနာ့ဝန်ထမ်းတစ်ဦး အဖြစ်လည်းသင်ကြားပေးပါသည်။