ပညာအရည်အချင်း
PGCE with QTS Primary Education, University of Worcester,
BA (Hons) Primary Education, University of St Mark and St John,
Early Years Teacher Status (EYT), University of St Mark and St John,
TEFL certificate, Text and Talk Chiang Mai,
HNC Mechanical Engineering, Worcester College of Technology
ကိုယ်ရေးအကျဥ်း
Mr Smith သည် ပညာရေးနယ်ပယ်တွင်၁၀ နှစ်ကျော်အလုပ်လုပ်ခဲ့ပြီး တခြားကျောင်းများတွင်လည်း Year 1,2 နှင့် Year 4 ဆရာအတွေ့အကြုံများအပြင် UK နိုင်ငံတွင်လည်း Early Years အတန်းသင်ကြားရေးတွင် အတွေ့အကြုံများစွာရှိခဲ့သော ဆရာတစ်ယောက်ဖြစ်ပါသည်။ ၄င်းမတိုင်မှီက သူသည်နိုင်ငံခြားဘာသာစကားများအင်္ဂလိပ်ဆရာ (TEFL) အဖြစ်အလုပ်လုပ်ကိုင် ခဲ့ပါသည်။ သူသည် အသက်အရွယ်မရွေးကလေးများကိုစာသင်ကြားခြင်း၊ မတူညီသောနိုင်ငံပေါင်းစုံတွင် အလုပ်လုပ်ကိုင်ခြင်း၊ ယဉ်ကျေးမှုအသစ်အဆန်းများနှင့် စူးစမ်းလေ့လာခြင်းကို နှစ်သက်သူတစ်ဦးဖြစ်ပါသည်။
သူ၏ဝါသနာများမှာ စူးစမ်းလေ့လာခြင်း၊ စွန့်စားခြင်းနှင့်မော်တော်ဆိုင်ကယ်စီးခြင်းများဖြစ်ပါသည်။ သူ၏ တခြားဝါသနာဖြစ်သော ဓါတ်ပုံရိုက်ခြင်းကိုလည်း လေ့လာနေသူဖြစ်ပါသည်။ သူသည် ကျေးလက်ဒေသများနှင့် သွားလာရန်ခက်ခဲသောနေရာများ၊ ဒေသခံပြည်သူများနှင့် ရှုခင်းများကိုသွားလာ ဓါတ်ပုံရိုက်ကူးရင်းဖြင့် ထူးခြားစွဲဆောင်မှုရှိသောလူနေမှုဘဝအကြောင်းကိုလေ့လာပါသည်။
Mr Smith နှင့်ပတ်သတ်သည့် နောက်ထပ်တစ်ခုမှာ သူသည်UKသို့ပြန်လာရန်အခွင့်အခါ ကြုံသည့်အခါတိုင်း Tranmere Rovers ကိုထောက်ခံအားပေးသူဖြစ်ပီးသူတို့၏ကစားခြင်းကိုကြိုက်နှစ်သက်သောသူတစ်ဦးဖြစ်ပါသည်။