Key Stage 1 (Years 1 မှ 2) and Key Stage 2 (Years 3 မှ 6)
မူလတန်းတွင် အိမ်စာကို ကျောင်းသားများ၏အသက်အရွယ်၊ စွမ်းရည်နှင့်လိုအပ်ချက်များအရတွက်ချက် ပေးပါသည်။ အိမ်စာပေးရာတွင် ရည်ရွယ်ချက်ရှိပြီး ကလေးများ၏စိတ်ဝင်စားမှုနှင့် ကျောင်း၏သင်ရိုးရည်ရွယ်ချက်များနှင့်သက်ဆိုင်သည်များကိုသာပေးပါသည်။ ထိုသို့အိမ်စာပေးခြင်းဖြင့် ကလေးများ လွတ်လပ်စွာသင်ယူနိုင်သောစွမ်းရည်များနှင့်သဘောထားများမွေးမြူရန် အထောက်ကူပြုပါသည်။ ထို့အပြင် ကလေးများ စူးစမ်းလိုမှု ပိုမိုမြင့်မားလာစေပြီး ကျောင်းတွင် သာမက အိမ်တွင်ပါ ပိုမိုလေ့လာလိုစိတ်ဖြစ်စေမည်ဖြစ်ပါသည်။
အိမ်စာပေးရာတွင် အဓိကအားဖြင့် စာတတ်မြောက်မှုနှင့်ကိန်းဂဏန်းစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပါသည်။ စာလုံးပေါင်းများနှင့်အတွေ့များသောစကားလုံးများကိုသင်ယူခြင်း၊ မှန်ကန်သောပုဒ်ဖြတ်ပုဒ်ရပ်များနှင့်သဒ္ဒါမှန်ကန်အောင်လေ့ကျင့်ခြင်း၊ နံပါတ်ဂိမ်းများနှင့်အခြားလေ့ကျင့်ခန်းများလည်း ပါဝင်ပါသည်။
ထို့အပြင် အိမ်စာပေးရာတွင် အောက်ပါအိမ်စာများ ပါဝင်နိုင်ပါသည်။
-
သုတေသနပြုလုပ်ခြင်း သို့မဟုတ် စီမံကိန်းများရေးဆွဲခြင်း
-
သင်ခန်းစာများအတွက်ကြိုတင်စာဖတ်ခြင်း
-
အတန်းရှေ့ထွက် Presentation ပြုလုပ်ခြင်း
-
အရေးလေ့ကျင့်ခန်းများ ပေးခြင်းတို့ ပါဝင်နိုင်ပါသည်။
အိမ်စာကို မီနူးပုံစံဖြင့်ပေးမည်ဖြစ်ပြီး တစ်နှစ်ပတ်လုံး သင်ကြားရမည့်အကြောင်းအရာများနှင့် သက်ဆိုင်သော အိမ်စာများ ပါဝင်ပါမည်။