ပညာအရည်အချင်း
BA (Hons) Comparative American Studies, University of Warwick, UK
CELTA, International House, London, UK
PGCE (Primary with MFL), University of Bedford, UK
ကိုယ်ရေးအကျဥ်း
Mrs Henderson သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် BSY ကို Year 5 ဆရာအဖြစ် ဝင်ရောက်ခဲ့ ပါသည်။ သူမသည် မူလတန်းသင်ကြားရေးအတွေ့အကြုံ ၁၁နှစ်ရှိပြီး လွန်ခဲ့သော ၈နှစ် ကပြည်ပတွင် သင်ကြားနေထိုင်ခဲ့ပါသည်။ သူမသည် လွန်ခဲ့သော ၅နှစ်က Uganda တွင် KS 2 အဓိကသင်ကြားခဲ့သူဖြစ်ပြီး Dubai တွင်လည်း Year 2 ကို၃နှစ်ကြာသင်ကြားခဲ့ပါသည်။ သူမသည် primary သင်တန်းမပြီးဆုံးမှီ အင်္ဂလိပ်ဘာသာစကားကိုနိုင်ငံခြား ဘာသာစကား (EFL) အဖြစ် ၅နှစ်ကြာ သင်ကြားခဲ့ပါသည်။
Mrs Henderson သည် နိုင်ငံတကာကိုစိတ်ဝင်စားပြီး အောင်မြင်သော နိုင်ငံသားများဖြစ်လာ ရန်ကူညီပေးမည့် ၂၁ ရာစု ကျွမ်းကျင်မှုများဖြင့် သူမ၏ကျောင်းသားများအား ဖြည့်ဆည်း ပေးနိုင်မည်ဟု ယုံကြည်ပါသည်။ ထို့အပြင် သူမသည် ကျောင်းသားများအတွက်အဓိက ကျသော သင်ယူမှုအကြောင်းကိုု ပံ့ပိုးပေးသောသင်ရိုးညွန်းတမ်းတစ်ခုလေ့လာရသည်ကို နှစ်သက်ပါသည်။
Mrs Henderson သည်ခရီးသွားခြင်းကိုနှစ်သက်ပြီး လွန်ခဲ့သော ၅နှစ်က အာဖရိကသို့သွားရောက်ခဲ့ဖူးသော အံ့သြဖွယ်ခရီးသွားအတွေ့အကြုံများကို အလွန်တန်ဖိုးထားပါသည်။ သူမ သည် စာဖတ်ခြင်း၊ သီချင်းဆိုခြင်းနှင့် တောင်တက်ခြင်းကို နှစ်သက်ပြီး သူမ၏ အချက်အပြုတ်စွမ်းရည် တိုးတက်စေရန်ကြိုးစားနေပါသည်။